
သတင်းကစားသမား အလဲအထပ်ပြုလုပ်ဖို့ စီစဥ်နေတဲ့ ရီးလ်ရဲမက်ဒရစ်နဲ့ လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူ့တို့အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂို (Rodrygo) ကို အသင်းကနေ ထွက်ခွာစေလိုပြီး၊ လီဗာပူးလ် (Liverpool) အသင်းရဲ့ ဂျာမန် ကွင်းလယ်လူ ဖလိုရီယန် ဝါ့ဇ် (Florian Wirtz) နှင့် ကစားသမား အလဲအလှယ်အပြောင်းအရွှေ့ (swap deal) တစ်ရပ် ပြုလုပ်ရန် စဉ်းစားနေကြောင်း Defensa Central သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ကစားသမားတွေကို ဟန်ချက်ညီအောင် ပြုလုပ်ဖို့စီစဥ်နေပြီး ရိုဒရီဂိုကို အသင်းကနေ ထွက်ခွာခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျာမန်ကစားသမား ဖလိုရီယန် ဝါ့ဇ်ဟာလည်း ပရီးမီးယားလိဂ်မှာ ကစားဖို့ ရုန်ကန်းနေရတာကြောင့် လီဗာပူးလ်ဘက်ကလည်း ဒီအပြောင်းအရွေ့ကို စဉ်းစားလာနိုင်ဖွယ်ရှိနေပါတယ်။ နောက်ဆုံးသတင်းတွေအရ ကလပ်နှစ်သင်းစလုံးဟာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ရန်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ရှိနေကြတယ်လို့လည်း သိရပါတယ်။
ရိုဒရီဂိုဟာ စပိန်လာလီဂါ (LaLiga)မှာ အတွေ့အကြုံရှိပြီးဖြစ်ကာ၊ ဝါ့ဇ်ဟာလည်း သူ့ရဲ့ နည်းပြဟောင်း ဇာဗီအလွန်ဆိုရဲ့ ထောက်ခံမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဒီအလဲအထပ်အပြောင်းအရွှေ့သာ တစ်ကယ်ဖြစ်လာခဲ့ရင် ကလပ်နှစ်သင်းစလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မည့် စိတ်ဝင်စားစရာကောင်းအကောင်းဆုံး ဖြေရှင်းချက်တွေ ဖြစ်လာနိုင်တာလည်းဖြစ်ပါတယ်း။
(Source: Defensa Central)
နိုဝင်ဘာ ၁၃၊ ၂၀၂၅၊ မနက် ၉ နာရီ ၃ မိနစ်