
အီတလီစီးရီးကလပ် ရိုးမား (Roma)အသင်းကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျိုရှုဝါဇာ့ခ်ဇီး (Joshua Zirkzee) ကို ခေါ်ယူရန်အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ရိုးမားသည် ဇာ့ခ်ဇီးကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူရန် ကနဦး စီစဉ်ထားပြီး၊ ပြီးရင်တော့ ပေါင် ၃၀ သန်း (£30M)နဲ့ အပြီးသတ် ဝယ်ယူရမည့် သဘောတူညီချက် (obligation to buy)နဲ့ ကမ်းလှမ်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဇာ့ခ်ဇီးဟာ ၂၀၂၄ နွေရာသီတုန်းက ဘိုလော့ညာအသင်းကနေ ယူရို ၃၅ သန်းဝန်းကျင်နဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။ ဇာ့ခ်ဇီးဟာ ယခုဘောလုံးရာသီမှာ ယူနိုက်တက်အတွက် သွင်းဂိုး တစ်ဂိုးသာ ရရှိထားသေးပြီး ကစားသမားရဲ့ ဆန္ဒကတော့ လက်ရှိမန်ချက်စတာယူနိုက်တက် (Red Devils)မှာ ဆက်လက်နေချင်တာလည်းဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဇာ့ခ်ဇီးကို ခေါ်ယူရန်အတွက် ပြီးခဲ့တဲ့ရက်တွေကတည့်က သတင်းတွေထွက်နေပေမယ့် ယခုချိန်မှာတော့ တရာဝင်ကမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။ (Source: Gazzetta dello Sport)