
လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ် (Steven Gerrard)ကတော့ မကြာသေးမီက ပွဲထွက်ခွင့် မရခြင်းတွေကြောင့် စိတ်ပျက်နေတဲ့မိုဟာမက် ဆာလာ (Mo Salah)ရဲ့ ပြင်းထန်တဲ့မှတ်ချက်တွေအပေါ် ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။ "သူပွဲမကစားရတဲ့အတွက် အရမ်းစိတ်ပျက်နေတာ ထင်ရှားပါတယ်၊ အဲဒီအချက်ကိုတော့ ကျွန်တော် လေးစားပါတယ်။လူတွေကို ပစ်တင်ဝေဖန်တဲ့ပုံစံအချို့ကတော့ မှားယွင်းပါတယ်" သူဟာ အဲဒီအပြောအဆိုတွေကနေ နည်းနည်းလေး နောက်ဆုတ်ဖို့ လိုပါတယ်၊ ဒီကိစ္စကို နည်းပြနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ စိတ်လွတ်လက်လွတ်ဖြစ်တာမျိုးတွေ အားလုံး ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အားလုံး စိတ်ခံစားမှုအရ ပြုမူခဲ့ဖူးတာတွေ ရှိပါတယ်။" "အချိန်ကြာလာတဲ့အခါ အရာအားလုံး အေးချမ်းသွားရင်တော့ မိုဟာမက်အနေနဲ့ 'ဒီစကားကို ငါမပြောသင့်ဘူး။ ဒါကို ငါမပြောခဲ့သင့်ဘူး။ ငါ နည်းနည်းစိတ်ခံစားမှု လွန်ကဲသွားတယ်၊ ငါ နည်းနည်းအလျင်စလို ဖြစ်သွားတယ်' လို့ ပြောလာမှာပါ၊ ဒါကို ကျွန်တော် သိပါတယ်။" ဆိုပြီး မှတ်ချက်ပေးလိုက်တာပါ။ ဂျရတ်ရဲ့ မှတ်ချက်တွေဟာ ဆာလာကို သူ့ရဲ့ စိတ်ခံစားချက်ကို နားလည်ပေးလို့ရတယ်ဆိုပေမယ့်လည်း ပြဿနာတွေကိုနည်းပြနဲ့သာ မျက်နှာချင်းဆိုင်ဖြေရှင်းသင့်ကြောင်း ပြောဆိုခဲ့တာပါ။