
ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာ (Neymar)ကတော့ ဘရာဇီးလ်မှာ ဆက်လက်ရှိမနေပါက ဥရောပ ဒါမှမဟုတ် မေဂျာလိပ် (Major League Soccer)ကို ပြန်လည်ပြောင်းရွှေ့ဖို့စဉ်းစားဖွယ်ရှိကြောင်း ASသတင်းက ဖော်ပြလာခဲ့ပါတယ်။ နေမာဟာ ယခုဘောလုံးရာသီ ကစားခဲ့တဲ့၁၉ ပွဲမှာ ၈ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး၊ ဆန်းတို့စ်အသင်းကို တန်းဆင်းမဆင်းရဖို့ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ နေမာကို လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက ဒုက္ခပေးနေတဲ့ ဒူးဒဏ်ရာပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်ရန်အတွက် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ခွဲစိတ်မှု (knee surgery) ပြုလုပ်သွားဖို့ ရှိနေတာပါ။ နေမာအနေနဲ့ သူ့ရဲ့ အနာဂတ် ဆုံးဖြတ်ချက်ကိုမချမီ ခွဲစိတ်မှု ပြုလုပ်ရန်နှင့် ဒဏ်ရာကနေအပြည့်အဝ ပြန်လည်သက်သာလာစေရန် ကြိုးစားသွားဖွယ်ရှိနေပါတယ်။နေမာဟာ သူ့ရဲ့ ဦးစားပေးကတော့ ဆန်းတို့စ်အသင်းမှာဆိုပြီး မကြာသေးမီကမှ ပြောဆိုထားတာလည်းဖြစ်ပါတယ်။