
အီတလီစီးရီးအေကလပ် နာပိုလီ (Napoli) အသင်းကလည်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူး(Kobbie Mainoo)ကို စိတ်ဝင်စားနေတဲ့ ကလပ်၁၀ သင်းထဲမှာ ဆက်လက် ပါဝင်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ နာပိုလီအသင်းဟာ ဩဂုတ်လကတည်းက မိုင်နူးရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး ဒီအပြောင်းအရွေ့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေတာလည်းဖြစ်ပါတယ်။ နည်းပြ ရူဘင်အမိုရမ် (Amorim)အနေနဲ့ လက်ရှိကစားသမားအများအပြားဟာ အာဖရိကဖလား (AFCON) ပြိုင်ပွဲကို သွားရောက်နေချိန်ဖြစ်တာကြောင့် ဒီအချိန်မှာမိုင်နူးကို ပွဲထွက်ခွင့်ပေးမလား စောင့်ကြည့်ရမှာပါ။ ဘိုင်ယန်မြူးနစ်ကလည်း မိုင်နူးကို ဇန်နဝါရီမှာခေါ်ယူဖို့ ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာ နာပိုလီကလည်း ရေရှည်ပစ်မှတ်အဖြစ် မိုင်နူးကို ဆက်လက်စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ (Source : Fabrizio Romano )