
"အင်္ဂလန်ကနေ ထွက်ပေါ်နေတဲ့ ဆူညံသံတွေလား? ဒါကဘဝပါပဲ။ ဒါက ကျွန်တော်လက်ခံခဲ့တဲ့ ကိစ္စပါ။ ကျွန်တော်ဟာ ကမ္ဘာ့အကြီးဆုံးနဲ့အကောင်းဆုံးကလပ်အတွက် ကစားပေးနေတာပါ။" "ကျွန်တော့်အိပ်မက်တစ်ခုကို အမှန်တကယ် ရှင်သန်နေတာပါ။ လူတော်တော်များများဟာ ကျွန်တော်ရှိနေတဲ့ အနေအထားမှာ ရှိချင်ကြပါတယ်။ ဒါပေမဲ့ အဲဒီအနေအထားနဲ့အတူ အပျက်သဘောဆောင်တဲ့ လူအချို့လည်း ပါလာတတ်ပါတယ်။" "ပရိသတ်တွေက ကျွန်တော်တို့ကိုအားပေးဖို့ ပိုက်ဆံအများကြီး သုံးစွဲရပါတယ်၊ သူတို့ရဲ့ ဝေဖန်မှုတွေကို ကျွန်တော်နားလည်ထားပါတယ် ကျွန်တော်တို့ဟာ သူတို့အတွက် ပိုပြီးတော့ အများကြီး ကောင်းအောင် လုပ်ဆောင်ဖို့လိုပါတယ်။" ဂျူဒ်ဘယ်လင်ဂမ် (ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား)