
မန်ချက်စတာစီးတီးအသင်းနဲ့ နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်း (Erling Haaland)ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သူ့ရဲ့ အံ့မခန်း ဂိုးသွင်းစွမ်းရည်တွေ စံချိန်တင်သွင်းဂိုးတွေသွင်းယူထားနိုင်တာတွေ့ရပါတယ်။ ဟာလန်းဟာ အကောင်းဆုံးလိပ်လို့သတ်မှတ်ထားတဲ့ ပရီးမီးယားလိပ်မှာလည်း သူ့ရဲ့သွင်းဂိုးတွေနဲ့ စံချိန်တွေတစ်ခုပြီးတစ်ခု ရိုက်ချိုးပြနေသလို နည်းပြပက်ကွာဒီယိုလာရဲ့ လက်အောက်မှာ ဒီထက်မကစံချိန်ကောင်တွေပိုင်ဆိုင်နိုင်ဖို့လည်း အခွင့်ရေးတွေရှိနေပါတယ်။ မနေ့ညက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ပွဲစဥ်မှာလည်း သွင်းဂိုးတစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ဟာလန်းဟာ ချန်ပီယံလိဂ်ပွဲထွက် ကစားခဲ့တဲ့ ပွဲ ၅၅ မှာ သွင်းဂိုး ၅၅ ဂိုးထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီစံချိန်တွေဟာ ချန်ပီယံလိပ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းနှုန်း အမြန်ဆုံးကစားသမားဖြစ်ပါတယ်။ အသက်ငယ်ရွယ်နေသေးတဲ့ ဟာလန်းအနေနဲ့ ယခုနှုန်းအတိုင်းဆက်လက် ဂိုးတွေသွင်းနေမယ်ဆိုရင် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံး စံချိန်တွေကိုတောင် ချိုးဖျက်ဖို့ အလားအလာတွေများနေပြီးလည်း ဖြစ်ပါတယ်။