
မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ အဒမ် ဝါတန် (Adam Wharton) ကို အသင်းရဲ့ နံပါတ် (၁) ကွင်းလယ်ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၀ နှစ်အရွယ် ဝါတန်ကို ခေါ်ယူရန်အတွက် ယူရို သန်း ၁၀၀ (€100M)နဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတာပါ။ နည်းပြရူဘင်အမိုရမ် (Ruben Amorim)ရဲ့ အသင်းကတော့ အသက်ရွယ်ရလာတဲ့ကွင်းလယ်ကစားသမာတွေနေရာ အစားထို့ဖို့အတွက် မဖြစ်မနေလို့အပ်နေတာလည်းဖြစ်ပါတယ်။ ဝါတန်ကိုတော့ လက်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့လို အသင်းကြီးတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ ယူနိုက်တက်အသင်းရဲ့ ယူရို သန်း ၁၀၀ ကမ်းလှမ်းမှုဟာ ပြိုင်ဘက်အသင်းတွေကို ကျော်လွန်ပြီး ဝါတန်ကို အရခေါ်ယူနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာလည်း ဖြစ်ပါတယ်။ (Source: Fichajes)