မူလစာမျက်နှာကစားပွဲများအကြောင်းအရာဆက်သွယ်ရန်အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်
Logo

ပွဲစုံ

FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ကစားပွဲများ
  • အကြောင်းအရာ
  • ဆက်သွယ်ရန်

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

ဘောလုံးဆောင်းပါးများ

Milos Luković ကိုခေါ်ဖို့ သဘောတူညီမှုရသွားတဲ့ Las Palmas

Milos Luković ကိုခေါ်ဖို့ သဘောတူညီမှုရသွားတဲ့ Las Palmas

Las Palmas အသင်းဟာ Strasbourg ကနေ Milos Luković ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ပြီး ဆေးစစ်မှုတွေကို ကြာသပတေးနေ့မှာ ပြုလုပ်ပါမယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂၁ မိနစ်
ဆောင်းပါးဖတ်ရန်
Leeds United ကိုပြောင်းဖို့ သဘောတူညီမှုရသွားတဲ့ Calvert-Lewin

Leeds United ကိုပြောင်းဖို့ သဘောတူညီမှုရသွားတဲ့ Calvert-Lewin

Calvert-Lewin လိဒ်စ်ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့ သီးသန့်ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗတ်-လူဝင် (Dominic Calvert-Lewin) ဟာ လိဒ်စ်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတာပါ။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့အတွက် လိဒ်စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်း Thorp Arch ကို မကြာခင် ရောက်ရှိလာမှာဖြစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂၀ မိနစ်
ဆောင်းပါးဖတ်ရန်
Hojlund အတွက်ယူနိုက်တက်နဲ့ ဆွေးနွေးနေဆဲဖြစ်တဲ့ AC Milan

Hojlund အတွက်ယူနိုက်တက်နဲ့ ဆွေးနွေးနေဆဲဖြစ်တဲ့ AC Milan

AC Milan က Rasmus Højlund ကို မန်ယူနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ Højlund က AC Milan ကို စိတ်ဝင်စားနေတာကြောင့် ကစားသမားရဲ့ဘက်ကလည်း ပရောဂျက်အကြောင်း ဆွေးနွေးဖို့ ဆွေးနွေးပွဲတွေ ဆက်လုပ်နေပါတယ်။ ယူရို ၆ သန်း အငှါး+ ၄၅ သန်း ဝယ်ယူခွင့် option clause နဲ့ လစာအပါအဝင်—ပြီးခဲ့တဲ့အပတ်က ထုတ်ဖော်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေအရ သဘောတူညီမှု ရရှိဖို့ ပိုမိုနီးစပ်လာပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂၀ မိနစ်
ဆောင်းပါးဖတ်ရန်
Donnarumma အတွက် PSG အသင်းကို ဆက်သွယ်ခဲ့တဲ့ Manchester City

Donnarumma အတွက် PSG အသင်းကို ဆက်သွယ်ခဲ့တဲ့ Manchester City

မန်ချက်စတာစီးတီးအသင်းက Donnarumma ရဲ့ပြောင်းရွှေ့မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့အတွက် PSG အသင်းကို ဆက်သွယ်ခဲ့ပါတယ်။ PSG က ယူရို သန်း ၅၀ ဝန်းကျင် တောင်းဆိုထားတာကြောင့် များလွန်းတယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် အကယ်၍ Éderson ထွက်ခွာမှသာ ဒီအပြောင်းအရွှေ့ဖြစ်နိုင်မှာပါ။ ချယ်လ်ဆီးအသင်းကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ခြင်းမရှိပါဘူး။ Gigio က မကြာခင် သူ့ရဲ့အနေအထားကို ရှင်းလင်းပေးသွားမှာပါ။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၈ မိနစ်
ဆောင်းပါးဖတ်ရန်
ဂူဟီ အတွက် ဆွေးနွေးမှုတွေပြန်ပြုလုပ်လာတဲ့ Liverpool

ဂူဟီ အတွက် ဆွေးနွေးမှုတွေပြန်ပြုလုပ်လာတဲ့ Liverpool

လီဗာပူးအသင်းဟာ Crystal Palace က ကစားသမား Marc Guehi အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး၊ ဒါပေမဲ့ လီဗာပူးကတော့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ကစားသမားနဲ့လည်း သဘောတူညီဖို့ လိုအပ်နေပါသေးတယ်။ အင်္ဂလန်နောက်ခံလူဟာ ကမ္ဘာ့ဖလားမတိုင်ခင် ပွဲကစားခွင့်အာမခံချက် လိုချင်နေပါတယ်။ အခုချိန်မှာ မပြောင်းရွှေ့ဖြစ်ရင် ၂၀၂၆ ခုနှစ်မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Guehi ဟာ ပဲလေ့စ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၇ မိနစ်
ဆောင်းပါးဖတ်ရန်
Newcastle ‌ေရာက်ဖို့နီးစပ်နေပြီဖြစ်တဲ့ Jacob Ramsey

Newcastle ‌ေရာက်ဖို့နီးစပ်နေပြီဖြစ်တဲ့ Jacob Ramsey

နယူးကာဆယ်အသင်းဟာ Aston Villa က Jacob Ramsey ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှု ရလုနီးပါးဖြစ်နေပြီး ကလပ်အသင်းတွေက အပြောင်းအရွှေ့ကို အပြီးသတ်တော့မှာဖြစ်ပါတယ်။ West Ham အသင်းက ကမ်းလှမ်းခဲ့ပေမဲ့လည်း Ramsey က နယူးကာဆယ်ကိုပဲ ပြောင်းချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆယ်ကို ပြောင်းဖို့က သေချာသလောက် ရှိနေပါပြီ။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၆ မိနစ်
ဆောင်းပါးဖတ်ရန်
RB Leipzig ကိုပြောင်းဖို့ သဘောတူညီမှု ရသွားတဲ့ Romulo

RB Leipzig ကိုပြောင်းဖို့ သဘောတူညီမှု ရသွားတဲ့ Romulo

RB Leipzig ဟာ Goztepe အသင်းက Rômulo ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း သတ်မှတ်ထားပြီး အပိုဆုကြေး ယူရို ၅ သန်းနဲ့ ထပ်မံရောင်းချပါက ရောင်းရငွေရဲ့တစ်စိတ်တစ်ပိုင်း ရရှိမယ့်အချက်တွေလည်း ပါဝင်ပါတယ်။ Leipzig အသင်းအတွက် တိုက်စစ်မှူးအသစ်တစ်ဦး ရရှိခဲ့ပါပြီ။ ကလပ်အသင်းက သူတို့အမြဲတမ်းလိုချင်နေတဲ့ Šeško ရဲ့နေရာကို အစားထိုးနိုင်ခဲ့ပါပြီ။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၆ မိနစ်
ဆောင်းပါးဖတ်ရန်
Jacob Ramsey အတွက် ဗီလာနဲ့ စတင်ဆွေးနွေးနေတဲ့ နယူးကာဆယ်လ်

Jacob Ramsey အတွက် ဗီလာနဲ့ စတင်ဆွေးနွေးနေတဲ့ နယူးကာဆယ်လ်

Jacob Ramsey အတွက် နယူးကာဆယ်က အက်စ်တွန်ဗီလာနဲ့ စတင်ဆွေးနွေးနေပါတယ်။ ဝက်စ်ဟမ်းကလည်း အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကစားသမားကို စိတ်ဝင်စားပြီး ကစားသမားကလည်း ဝက်စ်ဟမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကတော့ ဦးစားပေးရွေးချယ်မှုအဖြစ် ပေါ်ထွက်လာပါတယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက Ramsey ကို အရမ်းနှစ်သက်ပြီး ကစားသမားဘက်ကလည်း နယူးကာဆယ်ကို စိတ်ဝင်စားနေပါတယ်။ အက်စ်တွန်ဗီလာက ကစားသမားကို စာချုပ်အသစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့တဲ့အတွက် ရောင်းချဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ The Athletic FC က ဖော်ပြထားပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၅ မိနစ်
ဆောင်းပါးဖတ်ရန်
လီဗာကူဆင်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ Victor Lindelof

လီဗာကူဆင်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ Victor Lindelof

Sky Germany သတင်းအရ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဗစ်တာလင်ဒီလော့ဖ် (Victor Lindelof) ဟာ ဘိုင်ယန်လီဗာကူဆင် (Bayer Leverkusen) နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၄ မိနစ်
ဆောင်းပါးဖတ်ရန်
Simons အတွက် လိုက်ဖစ်နဲ့ ဆွေးနွေးမှုတွေထပ်မံပြုလုပ်နေတဲ့ Chelsea

Simons အတွက် လိုက်ဖစ်နဲ့ ဆွေးနွေးမှုတွေထပ်မံပြုလုပ်နေတဲ့ Chelsea

ချယ်လ်ဆီးဟာ Xavi Simons ကို သူတို့ရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ပြီး ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ Garnacho အတွက်လည်း ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီကိစ္စနှစ်ခုက အရင်က သတင်းတွေမှာ ဖော်ပြခဲ့တဲ့အတိုင်းပဲ သီးခြားစီဖြစ်နေပါတယ်။ Xavi ရဲ့ ဦးစားပေးကလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ RB Leipzig နဲ့ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်နေပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၄ မိနစ်
ဆောင်းပါးဖတ်ရန်
ဆာဗင်ဟိုအပြင်အဲဇီကိုပါခေါ်ဖို့ကြိုးပမ်းနေတဲ့ Spurs

ဆာဗင်ဟိုအပြင်အဲဇီကိုပါခေါ်ဖို့ကြိုးပမ်းနေတဲ့ Spurs

စပါးအသင်းဟာ မက်ဒီဆန် ဒဏ်ရာရရှိပြီး ဆွန်ဟောင်မင် ထွက်ခွာသွားတာကြောင့် ဆာဗင်ဟိုအပြင် အက်ဘီရီချီ အဲဇီ ကိုပါ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပါတယ်။ အဲဇီဘက်ကလည်း စပါးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ကတော့ Palace အသင်းအပေါ်မှာ မူတည်ပါတယ်။ အဲဇီရဲ့ စာချုပ်ပါ လျော်ကြေးငွေထုတ်ခွင့် သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ ဖြစ်ပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၃ မိနစ်
ဆောင်းပါးဖတ်ရန်
Newcastle အတွက်ထပ်ပြီးကစားပေးတော့မှာမဟုတ်ဘူးဆိုတဲ့ Isak

Newcastle အတွက်ထပ်ပြီးကစားပေးတော့မှာမဟုတ်ဘူးဆိုတဲ့ Isak

၂၅ နှစ်အရွယ် ကစားသမား Alexander Isak ဟာ Newcastle အတွက် ထပ်မံကစားတော့မှာမဟုတ်ဘူးလို့ အပြင်းအထန်ဆိုနေပါတယ်။ အပြောင်းအရွှေ့ကာလပြီးဆုံးတဲ့အထိ အသင်းကနေ မထွက်ဖြစ်ခဲ့ရင်တောင် Newcastle မှာ သူ့ရဲ့ကစားသမားဘဝ ပြီးဆုံးပြီလို့ ယူဆပြီး အသင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ကလပ်အသင်းကတော့ သူ့ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမဲ့ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုကြောင့် ဈေးကွက်ကို စူးစမ်းနေပြီး တိုက်စစ်မှူးကိုယ်တိုင်ကလည်း လီဗာပူးလ်ကို သွားချင်နေပါတယ်လို့ TheAthleticFC ရဲ့ သတင်းအရ သိရပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၂ မိနစ်
ဆောင်းပါးဖတ်ရန်
Chelsea နဲ့တရားဝင်ဆွေးနွေးမှုတွေမရှိသေးတဲ့ Donnarumma

Chelsea နဲ့တရားဝင်ဆွေးနွေးမှုတွေမရှိသေးတဲ့ Donnarumma

သတင်းတွေထွက်နေပေမဲ့ ချဲလ်ဆီးအသင်းဟာ Gigio Donnarumma ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ မရှိပါဘူး။ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ဂိုးသမားတွေနဲ့ ပျော်ရွှင်နေတာကြောင့် Donnarumma ဟာ ပစ်မှတ်မဟုတ်ပါဘူး။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၁ မိနစ်
ဆောင်းပါးဖတ်ရန်
ဂါနာချိုအတွက်ဆွေးနွေးမှုတွေအရှိန်မြှင့်တင်နေတဲ့ Chelsea

ဂါနာချိုအတွက်ဆွေးနွေးမှုတွေအရှိန်မြှင့်တင်နေတဲ့ Chelsea

ချဲလ်ဆီးအသင်းဟာ အလီဂျန်ဒရို ဂါနာချိုအတွက် ဆွေးနွေးမှုများ အရှိန်မြှင့်တင်နေပါတယ်။ မန်ယူနိုက်တက်နှင့် ကလပ်အချင်းချင်း ဆွေးနွေးမှုများမှာ အခုအခါ ကောင်းမွန်စွာ ရှေ့ဆက်နေပြီဖြစ်ပြီး ဂါနာချိုက ချဲလ်ဆီးကိုသာ ပြောင်းရွေ့လိုပြီး ကိုယ်ရေးကိုယ်တာ သဘောတူညီမှုများ ရရှိထားပြီးဖြစ်ပါတယ်။ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းနေကြပါတယ်။ ဂါနာချိုဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကစားသမား ဖြစ်လာရန် မျှော်လင့်နေတယ်လို့သိရပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၀ မိနစ်
ဆောင်းပါးဖတ်ရန်
မန်စီးတီးအသင်းကပစ်မှတ်အဖြစ်သတ်မှတ်လာတဲ့ Rodrygo

မန်စီးတီးအသင်းကပစ်မှတ်အဖြစ်သတ်မှတ်လာတဲ့ Rodrygo

Grealish ထွက်ခွာပြီး၊ McAtee နဲ့ Savinho တို့လည်း ထွက်ခွာနိုင်တာကြောင့် Manchester City ဟာ လာမယ့် ထွက်ခွာမှုတွေအပြီးမှာ Rodrygo ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ Manchester City က Rodrygo ကို အိပ်မက်ထဲက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး နည်းပြGuardiola ကလည်း အလွန်သဘောကျပါတယ်။ ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ Real Madrid က ထွက်ခွာခွင့်ပြုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ ဝန်းကျင် တောင်းဆိုထားပါတယ်။

ဩဂုတ် ၁၃၊ ၂၀၂၅၊ ညနေ ၁၂ နာရီ ၀ မိနစ်
ဆောင်းပါးဖတ်ရန်