Calvert-Lewin လိဒ်စ်ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့ သီးသန့်ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗတ်-လူဝင် (Dominic Calvert-Lewin) ဟာ လိဒ်စ်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတာပါ။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့အတွက် လိဒ်စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်း Thorp Arch ကို မကြာခင် ရောက်ရှိလာမှာဖြစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။