၂၅ နှစ်အရွယ် ကစားသမား Alexander Isak ဟာ Newcastle အတွက် ထပ်မံကစားတော့မှာမဟုတ်ဘူးလို့ အပြင်းအထန်ဆိုနေပါတယ်။ အပြောင်းအရွှေ့ကာလပြီးဆုံးတဲ့အထိ အသင်းကနေ မထွက်ဖြစ်ခဲ့ရင်တောင် Newcastle မှာ သူ့ရဲ့ကစားသမားဘဝ ပြီးဆုံးပြီလို့ ယူဆပြီး အသင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ကလပ်အသင်းကတော့ သူ့ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမဲ့ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုကြောင့် ဈေးကွက်ကို စူးစမ်းနေပြီး တိုက်စစ်မှူးကိုယ်တိုင်ကလည်း လီဗာပူးလ်ကို သွားချင်နေပါတယ်လို့ TheAthleticFC ရဲ့ သတင်းအရ သိရပါတယ်။