Jacob Ramsey အတွက် နယူးကာဆယ်က အက်စ်တွန်ဗီလာနဲ့ စတင်ဆွေးနွေးနေပါတယ်။ ဝက်စ်ဟမ်းကလည်း အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကစားသမားကို စိတ်ဝင်စားပြီး ကစားသမားကလည်း ဝက်စ်ဟမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကတော့ ဦးစားပေးရွေးချယ်မှုအဖြစ် ပေါ်ထွက်လာပါတယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက Ramsey ကို အရမ်းနှစ်သက်ပြီး ကစားသမားဘက်ကလည်း နယူးကာဆယ်ကို စိတ်ဝင်စားနေပါတယ်။ အက်စ်တွန်ဗီလာက ကစားသမားကို စာချုပ်အသစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့တဲ့အတွက် ရောင်းချဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ The Athletic FC က ဖော်ပြထားပါတယ်။