
ကမ္ဘာကျော် စူပါစတား ခရစ်တီယာနို ရော်နယ်ဒို (Cristiano Ronaldo)ဟာ Piers Uncensored အစီအစဉ်မှာ ပီယက်စ် မော်ဂန် (Piers Morgan) နှင့် တွေ့ဆုံမေးမြန်းမှု့တွေပြုလုပ်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်အပေါ် ဝေဖန်မှုတွေ၊ အာဆင်နယ်အပေါ် သူ့ရဲ့ အမြင်နဲ့ အနားယူမည့် အစီအစဉ်တွေ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ 🔴 အာဆင်နယ်ကို ပြောင်းရွှေ့လုနီးပါးနှင့် ချီးကျူးစကား ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးကြောင်း အတည်ပြုခဲ့ပြီး လက်ရှိ အာဆင်နယ်အသင်းကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ "ဒါက အမှန်တရား ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော် အာဆင်နယ်ကို ပြောင်းဖို့ နီးစပ်ခဲ့တယ်... ဒါပေမဲ့ ဒါက အတိတ်ပါပဲ ရိုးရိုးသားသား ပြောရရင်၊ ကျွန်တော် အာဆင်နယ်ကို ကြည့်တဲ့အခါ ပြိုင်ဘက်တစ်သင်းလို မမြင်ဘဲ အမြဲ ကြည့်ပါတယ်။ ကျွန်တော် အသင်းကို ကြိုက်တယ်၊ သူတို့ကို သဘောကျပါတယ်!" "အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို အနိုင်ယူနိုင်ပါတယ်။ သူတို့ဟာ အရမ်း ကောင်းတဲ့ အသင်း တစ်သင်းပါ ပရီးမီးယားလိဂ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ဒါဟာ အရမ်း ခက်ခဲတဲ့ လိဂ်တစ်ခုပါပဲ၊ ဒါပေမဲ့ အာဆင်နယ်အတွက်တော့ ဖြစ်နိုင်ချေရှိပါတယ်" ⚫️ မန်ယူနိုက်တက်ရဲ့ အခြေအနေနှင့်လိုအပ်ချက်တွေအပေါ် သုံးသပ်ချက် ရော်နယ်ဒိုဟာ သူ့ရဲ့ ချစ်မြတ်နိုးရတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ခဲ့ပါတယ်။ "မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်ကို အနိုင်ရမှာ မဟုတ်ဘူး သူတို့က ရမှတ်အားဖြင့် အရမ်းကို နောက်ကျနေပါပြီ မန်ယူကို ဒီလို မြင်နေရတာ ကျွန်တော် ဝမ်းနည်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အမြဲတမ်း ကျွန်တော့်နှလုံးသားထဲမှာ ရှိနေတဲ့ ကလပ်တစ်ခု၊ ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲက တစ်ခုပါ" 👔 ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု လိုအပ်ချက် (သူ့ရဲ့အမြင် ) "သူတို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုပ်ခဲ့သလိုမျိုး ကလပ်ကို စီမံခန့်ခွဲဖို့နဲ့ အနာဂတ်ကို ဖန်တီးဖို့အတွက် စမတ်ကျတဲ့၊ ကောင်းမွန်တဲ့ လူတွေ လိုအပ်ပါတယ် မန်ယူနိုက်တက်မှာ အခုချိန်မှာ ဖွဲ့စည်းပုံ (Structure) မရှိဘူး။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲက တစ်ခုဖြစ်နေတုန်းပဲ ဖြစ်တဲ့အတွက် ပြောင်းလဲသွားဖို့ မျှော်လင့်ပါတယ်" "သူတို့ ပြောင်းလဲဖို့ လိုတယ်။ ဒါဟာ နည်းပြ/ကစားသမားတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူး၊ ဒါက ကျွန်တော့်အမြင်ပါပဲ" ⚽️ နည်းပြ အာမိုရိမ်နှင့်ကစားသမားတွေအပေါ် သုံးသပ်ချက် "ရူဘန် အာမိုရိမ် (Rúben Amorim) က သူ့ရဲ့ အကောင်းဆုံးကို လုပ်နေတာပဲ။ သူ ဘာလုပ်သင့်လဲ။ cud တွေ လုပ်ရမှာလား အံ့ cud တွေက ဖာတီမာမှာပဲ ရှိပါတယ် (ပေါ်တူဂီမှ ဘာသာရေး အမှတ်အသား ဥပမာပေးခြင်း)" "ကစားသမားတွေက ကောင်းပါတယ်၊ ဒါပေမဲ့ တချို့က မန်ချက်စတာ ယူနိုက်တက်ဆိုတာ ဘာလဲ ဆိုတာကို သူတို့ရဲ့ စိတ်ထဲမှာ မထားကြဘူး" 👋 အနားယူမည့် အစီအစဉ်နှင့် ကမ္ဘာ့ဖလားအပေါ် အမြင် ရော်နယ်ဒိုဟာ ကစားသမားဘဝ အနားယူမည့် အစီအစဉ်တွေနှင့်ပတ်သက်ပြီလည်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ "ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ အနားယူခြင်းကို ကျွန်တော် မြင်ယောင်ကြည့်နိုင်ပါတယ် ဒါဟာ မကြာခင် ဖြစ်လာပါလိမ့်မယ် ဒါပေမဲ့ ကျွန်တော် ပြင်ဆင်ထားမှာပါ... ခက်ခဲပါလိမ့်မယ်၊ ကျွန်တော် သေချာပေါက် ငိုမိမှာပါ! ကျွန်တော် ပြင်ဆင်ထားမယ်လို့ ထင်ပါတယ်... အရာရာတိုင်းမှာ အဆုံးသတ် ရှိတာပဲ၊ ဒါကြောင့် တခြားအရာတွေအတွက် အချိန်ပို ရလာမှာပါ" "ကမ္ဘာ့ဖလားကို အနိုင်ရတာက ကျွန်တော့်အတွက် အိပ်မက် မဟုတ်ပါဘူး။ ဘာကို သတ်မှတ်ဖို့လဲ သမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သတ်မှတ်ဖို့လား။ ၆ ပွဲ သို့မဟုတ် ၇ ပွဲပါတဲ့ ပြိုင်ပွဲတစ်ခုကို အနိုင်ရဖို့လား ဒါက မျှတတယ်လို့ ခင်ဗျား ထင်ပါသလား" ရော်နယ်ဒိုရဲ့ ယခုလိုအင်တာဗျူးဟာ သူ့ရဲ့ အနာဂတ်နှင့် ဘောလုံးလောကအပေါ် အမြင်တွေကို ဖော်ပြခဲ့ပြီး၊ မန်ယူနိုက်တက်အသင်းနှင့် ပတ်သက်ပြီးလည်း ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်းကိုပါ ထောက်ပြခဲ့တာဖြစ်ပါတယ်။