Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

အမ်မိုရင်ကို ယူနိုက်တက်တို့ ခေါ်ယူခဲ့ပုံ အသးစိတ်

ဆောင်းပါးရေးသူ Kaung Myat•(နိုဝင်ဘာ ၂၊ ၂၀၂၅၊ မနက် ၁၀ နာရီ ၁၉ မိနစ်)ဆောင်းပါး
အမ်မိုရင်ကို ယူနိုက်တက်တို့ ခေါ်ယူခဲ့ပုံ အသးစိတ် - banner/ cover image

မန်ချက်စတာ ယူနိုက်တက် (Manchester United) အသင်းဟာ ပေါ်တူဂီနည်းပြ ရူဘင် အမ်မိုရရင် (Rúben Amorim) ကို ခေါ်ယူခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်နှင့်အသင်းရဲ့ အမှုဆောင်အဖွဲ့ကနေ ဦးဆောင်ခဲ့ပုံတွေကို The Athletic FC မှ ဖော်ပြထားတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါတယ်။ 🗳 ဘောလုံးဆိုင်ရာ အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အစည်းအဝေး: ဘာစီလိုနာမြို့မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆက်တွဲ အစည်းအဝေးတစ်ခုမှာ ယူနိုက်တက်အသင်းရဲ့ "ဘောလုံးဆိုင်ရာ အမှုဆောင်အဖွဲ့" ဟာ နည်းပြသစ် မည်သူဖြစ်သင့်ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ သဘောတူညီချက်: ဒီဆွေးနွေးပွဲကနေ အာမိုရိမ် အပေါ်မှာ သဘောတူညီချက်ရရှိခဲ့ပြီး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဘယ်ရာဒါ (Berrada)ကို တာဝန်ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။ 📞 ဘယ်ရာဒါရဲ့ လျှို့ဝှက် ဆက်သွယ်မှုများ ဘယ်ရာဒါဟာ မန်ချက်စတာ စီးတီး (Manchester City)မှာ ကစားသမား ခေါ်ယူရေး ညှိနှိုင်းမှုတွေကို ဦးဆောင်ခဲ့စဉ်က ရရှိခဲ့တဲ့ သူ့ရဲ့ အဆက်အသွယ်တွေကို အသုံးပြုကာ အမ်မိုရင်ရဲ့ အေးဂျင့်ဖြစ်သူ ရာအူးလ် ကော်စတာ (Raúl Costa) ထံသို့ စတင် ဆက်သွယ်ခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းကြေး: ဒီလိုဆက်သွယ်မှုတွေကနေတစ်ဆင့် စပို့တင်း (Sporting CP) အသင်းရဲ့ နည်းပြ အမ်မိုရင်အတွက် စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို ၁၀ သန်း (€10m) ဖြစ်ကြောင်း သိရှိခဲ့ရတာပါ။ စိတ်ဝင်စားမှု: အာမိုရိမ်ကလည်း ယူနိုက်တက် နည်းပြရာထူးအတွက် ဆွေးနွေးရန် စိတ်ဝင်စားလျက်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ 🤝 ပထမဆုံး လူကိုယ်တိုင် တွေ့ဆုံခြင်း အချိန်: အောက်တိုဘာလ ၁၈ ရက်နေ့က စပို့တင်းအသင်း အယ်လ်ဂါဗီဒေသမှာ ဖလားပွဲတစ်ပွဲအတွက် ပေါ်တီမိုနန်ဆီ (Portimonense) အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် အောက်တိုဘာလ နှောင်းပိုင်းအချိန်ကဖြစ်ပါတယ်။ နေရာ: ယူနိုက်တက် အသင်းတာဝန်ရှိသူတွေဟာ စပိန်နိုင်ငံတောင်ပိုင်းရှိ ဆီဗီးလ် (Seville) မြို့မှာ အမ်မိုရင်နဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှု အသေးစိတ်: အဆိုပါ ဆွေးနွေးပွဲမှာတော့ ၅ နာရီကြာမြင့် ခဲ့ပြီး၊ အမ်မိုရင်ဟာသူ့ရဲ့ ဘောလုံးဆိုင်ရာ သူ့ရဲ့မျှော်မှန်းချက်ကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ အမ်မိုရင်ဟာ အသင်းကို နောက်တန်း ၃ ယောက် (Three-man defense) ကစားကွက်ဖြင့် ကစားစေလိုကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားဟန် ဒဿနမှာ ပြောင်းလွယ်ပြင်လွယ်မှု့ရှိနိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ပါဝင်ပြီး မှန်ကန်တဲ့ အချိန်အခါတွေမှာ ကစားကွက်ကို ပြောင်းလဲသွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ 🎉 အပြီးသတ် သဘောတူညီမှု အပြီးသတ် ညှိနှိုင်းမှု: အောက်တိုဘာလ ၂၅ ရက်၊ သောကြာနေ့မှာတော့ လစာ ကိန်းဂဏန်းတွေနဲ့ စာချုပ်ပါ အချက်အလက်တွေအားလုံးကို အပြီးသတ် သဘောတူညီနိုင်ခဲ့ပါတယ်။ နည်းပြရဲ့ ဆုံးဖြတ်ချက်: စနေနေ့ရောက်မှာတော့ ယူနိုက်တက်အသင်းဟာ အာမိုရိမ်ထံကနေ အပြီးသတ် 'Yes' အဖြေတစ်ခုတည်းသာ လိုအပ်တော့ပေမယ့် နည်းပြက တွန့်ဆုတ်နေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ အာမိုရိမ်ဟာ ဘယ်ရာဒါနှင့်ဝေးလ်ကော့ (Wilcox) တို့ထံကို 'ကျွန်တော် (ဒီရာထူးကို) လက်ခံပါတယ်'လို့ ပြောကြားရန် ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘယ်ရာဒါကလည်း သူတို့လိုချင်တဲ့ နည်းပြရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုရန် ဆာဂျင်မ် (Sir Jim Ratcliffe) ထံသို့ စာတိုပေးပို့ခဲ့ပြီး၊ ဒီခေါ်ယူမှု့ဟာ ယူနိုက်တက်ရဲ့ အမှုဆောင်အဖွဲ့သစ်အတွက် ပထမဆုံး အောင်မြင်တဲ့ ခြေလှမ်းဖြစ်ခဲ့ပါတယ်။ဒီကနေ့မှာတော့ အမ်မိုရင်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၅၀ ကျော်ကိုင်တွယ်ထားခဲ့ပြီး ၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိပ် ၁၀ ပွဲကစားပြီးချိန်မှာ ရမှတ်၁၇ မှတ်နဲ့ အဆင့် ၇ နေရာမှာယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

မှတ်ချက်များ

မှတ်ချက်ထည့်ရန် ဝင်ရောက်ပါ။