
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ကီလီယန် အမ်ဘာပေ(Kylian Mbappé)ကတော့ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆု (European Golden Boot) ကို လက်ခံရရှိပြီးနောက် သူဟာ ရီးယဲလ်မက်ဒရစ်မှာ "နှစ်ပေါင်းများစွာ" ဆက်ရှိနေလိုပြီး ဆုဖလားတွေ အများကြီးထပ်မံရယူလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 🥇 ပထမဆုံးသော ရွှေဖိနပ်ဆု အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်နှင့်သူ့ရဲ့ ပထမဆုံးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါ (LaLiga) သွင်းဂိုး ၃၁ ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပအားကစား မီဒီယာ (European Sports Media)ကနေ ချီးမြှင့်ပေးအပ်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ရွှေဖိနပ်ဆု ကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အမှတ်ပေးစနစ် ဥရောပရဲ့ ထိပ်တန်းလိဂ်တွေမှာ ဂိုးသွင်းသူ အများဆုံးကစားသမားကိုပေးအပ်တဲ့ ဒီဆုရဲ့အမှတ်ပေးစနစ်ဟာ အပြိုင်အဆိုင်ပိုမိုပြင်းထန်တဲ့ ဘောလုံးလိဂ်တွေမှာ သွင်းဂိုးတွေကို အမှတ်ပေးတာဖြစ်ပါတယ်။ အမှတ်ရရှိမှု: အမ်ဘာပေရဲ့ လိဂ်သွင်းဂိုး ၃၁ ဂိုးဟာ ၆၂ မှတ် ရရှိစေခဲ့ပြီး၊ စပို့တင်း (Sporting CP) မှ ဗစ်တာ ဂွိုင်ကီရက်စ် (Viktor Gyökeres)က (၅၈.၅ မှတ်) နှင့် လီဗာပူးမှ မို ဆာလာ (Mo Salah) (၅၈ မှတ်) တို့ကို ကျော်ဖြတ်ကာ ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆုပေးအပ်ပွဲ အခမ်းအနားကိုတော့ မနေ့က သောကြာနေ့ (အောက်တိုဘာ ၃၁၊ ၂၀၂၅) က ဘာနာဗျူးကွင်း (Bernabéu)ထဲမှာ ကျင်းပခဲ့ရာ နည်းပြ ဇာဘီ အလွန်ဆို (Xabi Alonso)၊ ရီးယဲလ်မက်ဒရစ် အသင်းသားတွေနှင့် ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ် (Florentino Pérez) တို့ တက်ရောက်ခဲ့ကြပါတယ်။ "ရွှေဖိနပ်ဆုကို ဆွတ်ခူးရတာ ကျွန်တော့်အတွက် ပျော်ရွှင်မှုပါပဲ""ဒါက ကျွန်တော့်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ပါ၊ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးတာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ကျွန်တော့်အတွက် အရမ်း အဓိပ္ပာယ်ရှိပါတယ်" 🤝 အသင်းအပေါ် အာရုံစိုက်မှုနှင့် ရေရှည်မျှော်မှန်းချက် အမ်ဘာပေဟာ ၂၀၂၅-၂၆ ရာသီအစမှာ နည်းပြ အလွန်ဆိုလက်အောက် ခြေစွမ်းပြနေတဲ့ သူ့ရဲ့ အသင်းဖော်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။ "ကျွန်တော်တို့မှာ မယုံနိုင်စရာကောင်းတဲ့ အဖွဲ့အစည်း တစ်ခု ရှိပါတယ်" "ဒီနှစ်မှာ အရေးပါတဲ့ ဆုတွေကို ကျွန်တော်တို့ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက အရေးအကြီးဆုံးပဲ၊ အသင်းလိုက် ဆုတွေ ရဖို့ပါပဲ။ ကျွန်တော် ဒီနေရာမှာ နှစ်ပေါင်းများစွာ နေသွားချင် ပြီး ဒီလို ဆုမျိုးတွေလည်း အကြိမ်ပေါင်းများစွာ ဆွတ်ခူး ချင်ပါတယ်" "ကျွန်တော်တို့ အသင်းလိုက် ဆက်လက် တိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော် ပြောသလိုပဲ အသင်းက အရေးအကြီးဆုံး ပါပဲ" ဟု အမ်ဘာပေက ပြောသည်။ "ဒီကစားသမားတွေ မရှိရင် ဒီလိုဆုတွေ ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကလပ်အသင်းကိုရော၊ ကျွန်တော့်ကို ကွင်းထဲရော၊ ကွင်းပြင်ပမှာပါ ကူညီပေးတဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေကိုပါ ကျေးဇူးတင်ချင်ပါတယ်။ နောက်နှစ်မှာ ထပ်ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်၊ အခုဆို ကောင်းကောင်း စတင်ထားပြီ!"လို့လဲ ပြောကြားသွားတာပါ။ 👑 ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ ဂုဏ်ယူမှု နှစ်ပေါင်းများစွာ အမ်ဘာပေကို ခေါ်ယူရန် ထိပ်တန်းဦးစားပေးထားခဲ့တဲ့ ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ် ကလည်း ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်_ "ကျွန်တော်တို့ အသင်းဟာ ခင်ဗျားလို ကစားသမားတစ်ဦးကို အားကိုးရတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်" "ခင်ဗျားဟာ ဒီကလပ်ရဲ့ တန်ဖိုးတွေကို ပြီးပြည့်စုံခြင်းနဲ့ ကိုယ်စားပြု ပါတယ်" "ပြီးခဲ့တဲ့ ရာသီက UEFA စူပါဖလားနဲ့ ကမ္ဘာ့အလယ်အလတ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ ခင်ဗျားဟာ လိဂ်ပွဲ ၃၄ ပွဲမှာ ၃၁ ဂိုး၊ ပြိုင်ပွဲစုံမှာ ၄၄ ဂိုး သွင်းယူပြီး ဒီရွှေဖိနပ်ဆုကို ရခဲ့တာပါ။ ဒီရာသီမှာလည်း ခင်ဗျားဟာ ဂိုး ၁၆ ဂိုး သွင်းထားပြီးပြီ" "ဒီရာသီအစဟာ ခင်ဗျားရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ရာသီအစဖြစ်ပြီး လိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး ဖြစ်နေပါတယ်။ ဒါက ခင်ဗျားရဲ့ ပထမဆုံး ရွှေဖိနပ်ဆုဖြစ်ပြီး ရယူဖို့ အရမ်း ခက်ခဲပါတယ်။ ဒီမှာ (ရီးယဲလ်မက်ဒရစ်မှာ) ဟူဂို ဆန်းချက်ဇ်၊ ခရစ်တီယာနို ရော်နယ်ဒိုနဲ့ ရော်နယ်ဒို နာဇာရီယိုတို့ သုံးယောက်သာ ရခဲ့ဖူးပါတယ်" လို့ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။