Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

ပြိုင်ဘက်ပရိတ်သတ်တွေတောင် မတ်တပ်ရပ်ပြီးအာပေးခဲ့ရတဲ့ ဘယ်တော့မှ မေ့လိုမရမယ့် သွင်းဂိုးတစ်ဂိုး

ဆောင်းပါးရေးသူ Kaung Myat•(အောက်တိုဘာ ၂၂၊ ၂၀၂၅၊ မနက် ၁၀ နာရီ ၅၆ မိနစ်)ဆောင်းပါး
ပြိုင်ဘက်ပရိတ်သတ်တွေတောင် မတ်တပ်ရပ်ပြီးအာပေးခဲ့ရတဲ့ ဘယ်တော့မှ မေ့လိုမရမယ့် သွင်းဂိုးတစ်ဂိုး - banner/ cover image

ချန်ပီယံလိဂ် (Champions League) သမိုင်းတစ်လျှောက်မှာ အမှတ်ရဆုံး ညချမ်းတွေထဲကတစ်ညမှာတော့ ဘောလုံးလောကရဲ့ ဂုတ်ကြီတစ်ပါးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo)ဟာ သူရဲ့ ဘိုင်စိုက်ကယ် သွင်းဂိုး (Bicycle Kick)နဲ့ ဂျူဗင်တပ်စ် အသင်းပရိသတ်တွေကိုပင် မတ်တပ်ရပ် ဂုဏ်ပြုလက်ခုပ်တီးစေခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ် (Real Madrid) နည်းပြကြီး ဇီနဒင်း ဇီဒန်း (Zinedine Zidane)ရဲ့ တုံ့ပြန်ပုံကပင် အားလုံးကို ပြောပြနေခဲ့ပါတယ်။ ဇီဒန်းဟာ ခေါင်းပေါ် လက်တင်ထားပြီး သူ မြင်လိုက်ရတဲ့ အဖြစ်အပျက်ကြောင့် မျက်နှာပေါ်မှာ မယုံနိုင်တဲ့ အသွင်အပြင်အမူအရာနဲ့ နောက်ကိုလှည့်ပြီး အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။ ဇီဒန်းဆိုတာ ကစားသမားဘဝ တူရင်(Turin)မှာ ကိုယ်တိုင် အံ့မခန်း ဂိုးများစွာ သွင်းယူခဲ့ဖူးပေမယ့် ရော်နယ်ဒိုထံမှ မြင်တွေ့လိုက်ရတဲ့အရာမှာ အထူးခြားဆုံး ဖြစ်နေတယ်လို့ ခံစားခဲ့ရပါတယ်။ အသက်၃၃ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုရဲ့ ဂိုးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်က ဂျူဗင်တပ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဥ်မှာ ဒုတိယဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ရော်နယ်ဒိုဟာ သဘာဝတရားကြီးကို ဆန့်ကျင်ပြီး အမြင့်တစ်ခုအထိ ခုန်တက်ကာ၊ မယုံနိုင်ဖွယ် ဘိုင်စိုက်ကယ် ကန်သွင်းဟန်နဲ့ ဘောလုံးကို ဂိုးထောင့်ထဲသို့ အပြစ်ဆိုစရာမရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဒီသွင်းဂိုးဟာ ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော သွင်းဂိုးတွေထဲက တစ်ဂိုးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဘောလုံးဂိုးထဲကို ရောက်ရှိသွားပြီး စက္ကန့်ပိုင်းအတွင်းမှာတော့ ဂျူဗင်တပ်စ်ပရိသတ်တွေဟာလည်း မတ်တပ်ရပ်ကာ ရော်နယ်ဒိုကို လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြပါတယ်။ ရော်နယ်ဒိုကလည်း ပရိတ်သတ်တွေကို လေးစားကြောင်း ရင်ထဲမှာရှိကြောင်း ပြသသွားခဲ့တာပါ။ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှုနေတဲ့ BBCရေဒီယိုမှ ဝေဖန်သုံးသပ်သူတွေနဲ့ ပတ်နီဗင် (Pat Nevin) ကတောင် အံ့အာသင်းနေကြပြီး "ဒါက သဘာဝနဲ့ မညီဘူး။ ရော်နယ်ဒို အသက်ကြီးလာပြီလို့ လူတွေပြောနေကြပေမယ့်၊ ဒီလို လုပ်ပြနိုင်ရင်တော့ ခန္ဓာကိုယ်မှာ ဘာမှ အနာအဆာ မရှိဘူး။ ဒီလိုလုပ်ဖို့ အချိန်ကိုက်ညီမှု က အံ့မခန်းပါပဲ၊ ဒီလိုလုပ်ဖို့ စိတ်ကူးစိတ်သန်း ကလည်း အံ့မခန်းပါပဲ။" "ဂျူဗင်တပ်စ် ပရိသတ် အများအပြားက ရော်နယ်ဒိုကို လက်ခုပ်တီးဖို့ နောက်ကျန်ခဲ့ကြတယ်။ ဒီအားကစားကွင်းကြီးကို သူ့ဘက် လှည့်သွားအောင် လုပ်နိုင်တာ - ဝိုး။ ဒါကို စွမ်းရည်ကြီး (Genius) လို့ ခေါ်ချင်ရင်လည်း ခေါ်နိုင်ပါတယ်။" "ဒါဟာ ဘောလုံးလောကမှာ သင်မြင်ရမယ့် အကြီးကျယ်ဆုံး ဂိုးတွေထဲက တစ်ဂိုးပါပဲ" လို့ သုံးသပ်ပြောကြားသွားခဲ့တာပါ။ ဒီသွင်းဂိုးအပြီးမှာ လက်ရှိကစားနေတဲ့ကစားသမားတွေနဲ့ ကစားဟောင်းတွေကပါ ချီးကျူးခဲ့ကြပြီး ဒီသွင်းဂိုးဟာ ၂၀၁၇-၁၈ ရာသီအတွက် ယူအီးအက်ဖ်အေ (UEFA) ရဲ့ တစ်နှစ်တာ အကောင်းဆုံးဂိုးဆု (Goal of the Season Award) သတ်မှတ်ခံခဲ့ရပါတယ်။ ဒီကနေ့ညမှာလည်း ရီးလ်ရဲမက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်စ် အသင်းတို့ ချန်ပီယံလိပ်ပြိုင်ပွဲကို ယှဥ်ပြိုင်သွားကြမှာဖြစ်ပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဆက်လက်စောင့်ကြည့်ရမှာပါ။

မှတ်ချက်များ

မှတ်ချက်ထည့်ရန် ဝင်ရောက်ပါ။