ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကတော့ မနေ့က သူတို့ရဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို နည်းပြရာထူးကထုတ်ပယ်အပြီးမှာ ချက်ချင်းဆိုသလို နည်းပြသစ်အဖြစ် နူနို အက်စ်ပီရီတို ဆန်တိုကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။ ပေါ်တူဂီနည်းပြဟာ ဒီကနေ့နောက်ပိုင်းမှာ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ နူနိုကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းရဲ့ ပရိုဂျက်ကို လက်ခံခဲ့တာကြောင့် အသင်းရဲ့ အနာဂတ်အတွက် ပရိတ်သတ်တွေကလည်း စိတ်လှုပ်ရှားနေပြီး နည်းပြသစ်ရဲ့ လက်အောက်မှာ အသင်းရဲ့ ခြေစွမ်းတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။