မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၆၆.၅ သန်းနဲ့ စံချိန်တင် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့ပေမဲ့ အသင်းရဲ့ ဝင်ငွေဟာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ ဘဏ္ဍာရေး အခြေအနေ ဝင်ငွေ - စုစုပေါင်းဝင်ငွေ ပေါင် ၆၆၆.၅ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် တိုးတက်ခဲ့ပါတယ်။ လည်ပတ်ရေးအရှုးငွေ ပေါင် ၁၈.၄ သန်း ရှိခဲ့ပြီး၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်က ပေါင် ၆၉.၃ သန်း ရှိခဲ့တာနဲ့ နှိင်းယှဉ်ရင် သိသာစွာ လျော့နည်းသွားပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါင် ၃၆.၆ သန်းဟာ အဲရစ် တန် ဟာဂ်နဲ့ သူ့ရဲ့ဝန်ထမ်းတွေ ထွက်ခွာခဲ့ရတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။ စံချိန်တင် မှတ်တမ်းများ ပွဲစဉ်နေ့ ဝင်ငွေ - ၁၇% တိုးတက်ခဲ့ပြီး လက်မှတ်ရောင်းချမှုနဲ့ အသင်းဝင်တွေရဲ့ အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ commercial ၁၀% တိုးတက်ခဲ့ပြီး Snapdragon နဲ့ ပထမဆုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေ မြင်တွေ့နေရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၆၄၀ မီလီယံ ကနေ ၆၆၀ မီလီယံအထိ ဝင်ငွေရရှိမယ်လို မျှော်မှန်းထားပြီး၊ အဒ်ဂျပ်စ်ထ် အီးဘီတီဒီအေ (Adjusted EBITDA) ကို ပေါင် ၁၈၀ မီလီယံ ကနေ ၂၀၀ မီလီယံအထိ ရည်မှန်းထားပါတယ်။ အသင်းရဲ့ ဒါရိုက်တာချုပ် အိုမာ ဘာရာဒါ(Omar Berrada)က “ကျွန်တော်တို အသင်းကို အားလုံးသော ကဏ္ဍတွေမှာ တိုးတက်အောင် ကြိုးစားနေပါတယ်။ ကွင်းပေါ်မှာတော့ ကျွန်တော်တိုရဲ့ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်၊ ဒီအရာက ရေရှည်အတွက် တည်ဆောက်နေတာပါ။ ကွင်းအပြင်မှာတော့ ပြန်လည်ဖွဲစည်းခြင်းနဲ့ ခေါင်းဆောင်မှု ပြောင်းလဲမှုတွေကနေ အသစ်တစ်ဖန် ပြန်လည်ထွက်ပေါ်လာနေပြီး ကျွန်တော်တိုရဲ့ အားကစားနဲ့ စီးပွားရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို အသင့်ဖြစ်နေပါပြီ။ ကုန်ကျစရိတ် လျှော့ချရေး အစီအစဉ်တွေရဲ့ အကျိုးကျေးဇူးကို စတင်ခံစားလာရတာကြောင့် ငွေကြေးစွမ်းဆောင်ရည် တိုးတက်ဖို အလားအလာ ကောင်းမွန်နေပြီး ဒါက ကျွန်တော်တိုရဲ့ အဓိက ဦးစားပေးဖြစ်တဲ့ ကွင်းပေါ်အောင်မြင်မှုတွေကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” လို ပြောကြားခဲ့ပါတယ်။