
ဘာစီလိုနာအသင်းဟာလည်း လီဗာပူးလ်အသင်းရဲ့ ဒတ်ခ်ျ ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘာ့ချ် (Ryan Gravenberch) ကို ခေါ်ယူဖို့အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ ပေါင် ၄၄ သန်း (£44M)နဲ့ ကမ်းလှမ်းရန် အသင့်ပြင်ထားတယ်လို့လည်း Fichajes သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဘက်ကနော့ ပေါင် ၄၄ သန်း တန်ကြေးဟာ လီဗာပူးလ်နှင့်တရားဝင် ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ရန်အတွက် လုံလောက်တဲ့ ပမာဏ ဖြစ်တယ်လို့လည်း ယုံကြည်ထားတာပါ။ နည်းပြ ဟန်စီ ဖလစ် (Hansi Flick) ဦးဆောင်တဲ့ ဘာစီလိုနာအသင်းဟာ သူ့တို့အသင်းရဲ့ ကွင်းလယ်ခံစစ်ဟာ အဓိကအားနည်းနေပြီး အသင်းရဲ့ ခံစစ်ပိုင်း Balance လုပ်ပေးနိုင်ရုံသာမက ရှေ့ကို ဂိုးဖန်တီးမှု့တွေပါ ပြုလုပ်ပေးနိုင်တဲ့ ခံစစ် ကွင်းလယ်လူ (defensive midfielder) တစ်ဦးကို ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ရာဗန်ဘာ့ချ်ဟာ ဒီလိုအရည်အချင်း နှစ်ခုလုံးကို ပေါင်းစပ်ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ဖလစ်ရဲ့ စီမံကိန်းအတွက် အဓိကပစ်မှတ်ဖြစ်လာခဲ့ပြီး ဂရာဗန်ဘာ့ချ်ကို ဇန်နဝါရီမှာ အန်ဖီးလ်ကနေ ခေါ်ယူရန် အမှန်တကယ် ဆန္ဒပြင်းပြနေကြောင်းသိရှိရပါတယ်။ (Source: Fichajes)