
ကိုလံဘီယာ ကွင်းလယ်ဖန်တီးရှင် ဟားမက်စ် ရိုဒရီဂွက်ဇ် (James Rodríguez)ကတော့ လက်ရှိ ကလပ်အသင်းဖြစ်တဲ့ မက္ကဆီကို လီဂူးဝမ်း (Liga MX)မှ လီယွန် (León) အသင်းနဲ့ လမ်ခွဲလိုက်ပြီဖြစ်ကြောင်း နောက်ဆုံး Report တွေအရသိရပါတယ်။ ရိုဒရီဂွက်ဇ်ဟာ လီယွန်အသင်းကနေ ယခုလိုထွက်ခွာတာကြောင့် လာမယ့် ၂၀၂၆ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ကစားသမား (free agent) တစ်ဦးအဖြစ် တ်ည်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ ဟာမက်စ်အနေနဲ့ မက္ကဆီကိုမှာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝရဲ့ နောက်ထပ်စာမျက်နှာသစ်ကို ဖွင့်လှစ်ဖို့အသင့်ဖြစ်နေပြီ ဖြစ်ပြီး၊ လာမည့် ကမ္ဘာ့ဖလား (World Cup) အတွက် ကိုလံဘီယာလက်ရွေးစင်အသင်းနှင့်အတူ ကြိုးပမ်းသွားဖို့လည်း အာရုံစိုက်နေတာဖြစ်ပါတယ်။ ဟားမက်စ် ရိုဒရီဂွက်ဇ်ဟာ ဥရောပကလပ်တွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် စတဲ့ လပ်အသင်းတွေအပါအဝင် ကလပ်ကြီးတွေမှာ ကစားဖူးတဲ့ အတွေ့အကြုံရှိပြီး နောက်ထပ်ဘယ်အသင်းက ခေါ်ယူသွားမလည်းဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။