
အက်သလက်တီကို မက်ဒရစ် (Atlético Madrid) အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂီယူလီယာနို ဆီမြွန်နီ (Giuliano Simeone)ဟာ ကလပ်နှင့်၂၀၃၀ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း marcaရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ နှစ်ဘက်ကြားမှာတော့ စာချုပ်သဘောတူညီမှုအခြေအနေနောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ကလပ်ဘက်ကလည်း ဆီမြွန်နီရဲ့ စိတ်နေသဘောထား (attitude) အပေါ် ကျေနပ်နေတာလည်းဖြစ်ပါတယ်။ ဆီမြွန်နီဟာလည်း လက်ရှိခြေစွမ်းကောင်းတွေကို သက်သေပြထားပြီး ပွဲစဉ် သုံးပွဲဆက်တိုက် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု (MOTM - Man of the Match) ကို ရရှိထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂီယူလီယာနို ဆီမြွန်နီ (နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ သား)ဟာ ကလပ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာပြီး၊ စာချုပ်သစ်ကိစ္စဟာ အသင်းရဲ့ အနာဂတ်အတွက် ဆီမြွန်နီကို ဘယ်လောက်အားထားကြောင်း ပြသနေတာဖြစ်ပါတယ်။