
ဝုလ်ဗာဟမ်တန်အသင်းဟာ မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြဖြစ်တဲ့ ရော့ဘ် အက်ဒ်ဝပ်စ် (Rob Edwards) ကို သူ့တို့အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အက်ဒ်ဝပ်စ်ဟာ ဝုလ်ဗ်အသင်းနှင့် ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အက်ဒ်ဝပ်စ်ကို ခေါ်ယူရန်အတွက် ဝုလ်ဗ်အသင်းဟာ သူ့ရဲ့အရင်ကလပ်ဖြစ်တဲ့ မစ်ဒယ်ဘရော့ (Middlesbrough) အသင်းကို ပေါင် ၃ သန်း (£3m) လျော်ကြေးငွေ ပေးချေခဲ့ရတယ်လို့လည်း သိရပါတယ်။ ယခုရာသီ အစောပိုင်းမှကနေစပြီး ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝုလ်ဗ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကလပ်အသင်းရဲ့ ကစားသမားဟောင်းနှင့် နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဘ်အက်ဒ်ဝပ်စ်ကို ပြန်လည် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အက်ဒ်ဝပ်စ်ဟာ ရာသီအစမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ကောင်းမွန်တဲ့ အနေအထားကိုရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး သူ့အနေနဲ့ ဝုလ်ဗ်အသင်းကို ဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။