
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှိုင်းယား (Jack Wilshere)ကတော့ နည်းပြဘဝကို လူတန်တောင်းအသင်းနဲ့အတူ ကောင်းမွန်စွာ စတင်နိုင်ပြီဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားဟာ လက်ရှိအဂ်လန် League One မှာကစားနေတဲ့ လူတန်တောင်း (Luton Town) အသင်းကို ကိုင်တွယ်လျက်ရှိပြီး သူ့ရဲ့ လက်အောက်မှာ အသင်းဟာ နောက်ဆုံးကစားခဲ့သော ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရအောင်စွမ်းဆောင်ပြနိုင်ခဲ့ပြီး ပွဲစဥ် ၁၄ပွဲကစားထားပြီးချိန် ရမှတ် ၂၂မှတ်နဲ့ ဇယားထိပ်ဆုံးကအသင်းကို တစ်ပွဲလျော့အနေထားနဲ့ 6 မှတ်အကွာထိကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေကြောင့် မျှော်မှန်းထားတာထက် အောင်မြင်မှုတွေ အပြည့်အဝမရရှိခဲ့တဲ့ ဂျက်ဝီလ်ရှိုင်းယားအနေနဲ့ နည်းပြဘဝမှာတော့ အောင်မြင်မှု့တွေ ရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။