
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျူလီယန် နာဂယ်လ်စ်မန်း (Julian Nagelsmann)ကတော့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ပြီးနောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်ကစားသမား ဖလိုရီယန် ဝါ့ဇ် (Florian Wirtz) ကို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ နာဂယ်လ်စ်မန်းကတော့ ဝါ့ဇ်အနေနဲ့ သူ့ရဲ့ အစွမ်းအမှန်ကို ပြန်လည်ထုတ်ဖော်ဖို့ ခက်ခဲနေရခြင်းမှာ အဓိကအားဖြင့် နည်းပြရဲ့ positionနေရာ အသုံးချမှုကြောင့် ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ "နည်းပြကသူ့ကို ဘယ်လိုအသုံးချရမလဲ မသိတဲ့အခါ (does not know how to utilise him) ဖလိုရီယန် ဝါ့ဇ်အနေနဲ့ အဲဒီလို သက်ရောက်မှုမျိုး ပေးဖို့ ခက်ပါတယ်""သူ ဖန်တီးပေးတဲ့ အခွင့်အရေး အချို့ကို ဂိုးသွင်းပေးခြင်းအားဖြင့်လည်း လီဗာပူးလ်က သူ့ကို ကူညီပေးနိုင်ပါတယ်"လို့လည်း သူ့ရဲ့ကစားသမားကို ကာကွယ်ပြောဆိုသွားခဲ့တာပါ။ ဂျာမနီနည်းပြရဲ့ ဒီလိုမှတ်ချက်ဟာ ဝါ့ဇ်ရဲ့ စွမ်းရည်ကို ယုံကြည်ကြောင်း ပြသနေပေမယ့် လီဗာပူးလ်နည်းပြ အာနီ ဆလော့ (Arne Slot) အနေနဲ့ ဝါ့ဇ်ရဲ့ အရည်အချင်းကို အကောင်းဆုံးအသုံးချနိုင်မည့် နည်းစနစ်ကို ရှာဖွေသင့်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်တာဖြစ်ပါတယ်။