Logo

ပွဲစုံ

မူလစာမျက်နှာပွဲစဥ်များသတင်းများဆောင်းပါးများဆက်သွယ်ရန် (Contact us)ဥပဒေဆိုင်ရာ
အကောင့်ဖန်တီးရန် / ဝင်ရောက်ရန်FacebookTwitter
Logo

ပွဲစုံ

‌
‌
‌
‌
‌
‌

ပွဲစုံ

ပွဲစုံက ဘောလုံးကမ္ဘာရဲ့နောက်ဆုံးအဖြစ်အပျက်တွေကို တင်ဆက်ပေးပါမယ် – လှုပ်ရှားမှုတွေ၊ ပြိုင်ပွဲရလဒ်တွေနဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေပါ။

လျင်မြန်သောလင့်များ

  • မူလစာမျက်နှာ
  • ပွဲစဥ်များ
  • သတင်းများ
  • ဆောင်းပါးများ
  • ဆက်သွယ်ရန် (Contact us)
  • ဥပဒေဆိုင်ရာ

လူမှုမီဒီယာ

  • Facebook
  • Youtube

သတင်းလွှာ

ဘောလုံးသတင်းနောက်ဆုံးအပ်ဒိတ်များကို အမြဲသိရှိထားနိုင်ပါစေ။

© 2025 ပွဲစုံ. All rights reserved.

ကျွန်တော့်ဝိညာဉ်နဲ့လွမ်းဆွတ်နေတဲ့ နေရာကို ပြန်လာခဲ့တယ်_ မက်ဆီရဲ့ လျှို့ဝှက် ခရီးစဉ်

သတင်းရေးသူ Kaung Myat•(နိုဝင်ဘာ ၁၀၊ ၂၀၂၅၊ မနက် ၁၁ နာရီ ၅၇ မိနစ်)သတင်း
ကျွန်တော့်ဝိညာဉ်နဲ့လွမ်းဆွတ်နေတဲ့ နေရာကို ပြန်လာခဲ့တယ်_ မက်ဆီရဲ့ လျှို့ဝှက် ခရီးစဉ် - banner/ cover image

အာဂျင်တီးနား ဂန္တဝင်ကစားသမား လီယွန်နယ် မက်ဆီ (Leo Messi)ဟာ မကြာသေးမီက ပြန်လည်မွမ်းမံထားတဲ့ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Spotify Camp Nou (နူးကမ့်ပ်) ကွင်းအသစ်ကြီးကို လျှို့ဝှက် လာရောက်လည်ပတ်ခဲ့ ကြောင်းသိရှိရပါတယ်။ ကလပ်အသင်းရဲ့ အထူးဧည့်သည်တော်အဖြစ် လာရောက်ခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့တာပါ။ "မနေ့ညက ကျွန်တော့်ရဲ့ ဝိညာဉ်နဲ့ လွမ်းဆွတ်နေတဲ့ နေရာ ကို ကျွန်တော် ပြန်လာခဲ့ပါတယ် ကျွန်တော် အတိုင်းအဆမရှိ ပျော်ရွှင်ခဲ့ရတဲ့ နေရာလေးပါ" ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝကို နှုတ်ဆက်ခွင့် မရရှိခဲ့ခြင်းအပေါ် နောင်တရသလိုမျိုး ပြောကြားခဲ့ပြီး၊ အနာဂတ်မှာတော့ တစ်နေ့နေ့ ပြန်လာနိုင်ရန် မျှော်လင့်နေကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ "တစ်နေ့နေ့မှာ ကျွန်တော် ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကစားသမားတစ်ယောက်အနေနဲ့ နှုတ်ဆက်ဖို့သက်သက် မဟုတ်ဘဲ၊ အဲဒီလို လုပ်ဖို့ ကျွန်တော် ဘယ်တော့မှ မတတ်နိုင်ခဲ့ပါဘူး..." ဆိုပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ မက်ဆီရဲ့ သူ့ရဲ့ ရွှေမြို့တော်ကို ပြန်လည်ရောက်ရှိခြင်းနဲ့ သူ့ရဲ့ ရင်ဖွင့်သံတွေဟာ ဘာစီလိုနာပရိသတ်တွေနဲ့ သူ့ရဲ့ ပရိတ်သတ်ကတော့ သူ့တို့အသင်းရဲ့ ဂန္တဝင်ကစားသမားအပေါ် ခံစားတွေ ပြန်လည် နိုးထစေခဲ့တာဖြစ်ပါတယ်။

မှတ်ချက်များ

မှတ်ချက်ထည့်ရန် ဝင်ရောက်ပါ။