
အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား မော်ဂန် ရော်ဂျာစ် (Morgan Rogers)ကတော့ ကလပ်အသင်းနှင့် စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ရော်ဂျာစ်ရဲ့ စာချုပ်သစ်ဟာ လာမည့် ၂၀၃၁ ခုနှစ် ဇွန်လအထိ အကျုံးဝင်မှာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကလပ်အသင်းက ကမ်းလှမ်းတဲ့ စည်းကမ်းသစ်တွေကို လက်ခံခဲ့ပြီး၊ လုပ်ခလစာလည်း တိုးမြှင့်ရရှိ ခဲ့တာဖြစ်ပါတယ်။ မော်ဂန် ရော်ဂျာစ်ဟာ ဗီလာအသင်းရဲ့ အနာဂတ် ရေရှည် စီမံကိန်းတွေအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး အသင်းကြီးတွေ တော်တော်များများက အလိုရှိနေကြတာဖြစ်ပါတယ်။ ဗီလာအသင်းအတွက်ကတော့ အနာဂတ်လူငယ်ကွင်းလယ်လူတစ်ဦးကို အခုလို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဟာ အူနိုင်း အမ်းမရီနဲ့ ဗီလာပရိတ်တွေအတွက်တော့ ဝမ်းသာစရာသတင်း တစ်ခုဖြစ်ပါတယ်။